
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း သားသမီး ကျောင်းသား/ သူများအား ပညာသင်ကြေးထောက်ပံ့ခြင်းနှင့် ဝန်ထမ်းများအား ကြက်ဥ အာဟာရထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
၂၀-၅-၂၀၂၅၂၀၂၅ ခုနှစ် မေလ ၂၀ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းသားသမီး ကျောင်းသား/သူများ အား ပညာသင်ကြေးထောက်ပံ့ခြင်းနှင့် ဝန်ထမ်းများအား ကြက်ဥအာဟာရ ထောက်ပံ့ပေးအပ် ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝင်းသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်း သားသမီးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဝန်ထမ်းသားသမီး ၂၄ ဦးအား ပညာသင်ကြေးထောက်ပံ့ခြင်းနှင့် ဝန်ထမ်းများအား ကြက်ဥအာဟာရများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။