အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ သွားရောက်၍ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

၁-၁၂-၁၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ သွားရောက်၍ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မဲစာရင်းများတိုက်ဆိုင် စစ်ဆေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ် ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၆)၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းသို့ တက်ရောက်

၁-၁၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၆)၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး ကွင်းဆင်း စစ်ဆေး

၂၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိနေအိမ်များသို့ သွားရောက်၍ မဲစာရင်း ပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေး တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မဲစာရင်း များတိုက်ဆိုင်စစ်ဆေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၊ ရာပြည့် ခန်းမ၌ ကျင်းပပြုလုပ်သည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးသင်တန်းသို့ တက်ရောက်

၂၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ ကံ့ကော်ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးသင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်ဒုတိယ ပညာရေးမှူး၊ နည်းပြများ၊ သင်တန်းသား/ သင်တန်းသူ ၇၄ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်/ ဖောက်ခွဲဖျက်ဆီးမှုများမရှိစေရေးနှင့် မြို့လုံခြုံအေးချမ်းသာယာမှုရှိစေရေး တို့အတွက် မြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား ကွင်း

၂၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်/ ဖောက်ခွဲ ဖျက်ဆီးမှုများမရှိစေရေးနှင့် မြို့လုံခြုံအေးချမ်းသာယာမှုရှိစေရေးတို့အတွက် မြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ကျဝန်ထမ်းများနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စုအတွင်းရှိ ဂေါ်ဒန်ကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်း) အသေးစားစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ပါရန် လျှောက်ထားတင်ပြလာသည့် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းစစ်ဆေး

၂၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ် မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စုအတွင်းရှိ ဂေါ်ဒန်ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) အသေးစား စမ်းသပ် တိုင်းတာခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ပါရန် လျှောက်ထားတင်ပြလာသည့် လုပ်ကွက်မြေ နေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မဲဆန္ဒရှင် စာရင်းများစိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မဲဆန္ဒရှင်စာရင်းများ စိစစ်အတည်ပြု တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ တောင်ကြီးတပ်နယ်(၁)မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ ၁၇၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင် များနှင့်တွေ့ဆုံ၍ ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

၂၇-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများသို့သွားရောက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့်အတူ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ ရပ်ကွက်ခွဲရုံးများသို့ ဒုတိယအကြိမ်မဲစာရင်းကြေညာကပ်ထားမှုအပေါ် မဲဆန္ဒရှင်ပြည်သူများမှ လာရောက်ကြည့်ရှုနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၇-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ ရပ်ကွက်ခွဲရုံးများသို့ ဒုတိယအကြိမ်မဲစာရင်း ကြေညာကပ်ထားမှုအပေါ် မဲဆန္ဒရှင်ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအခြေအနေအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 85102

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR