အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

၅-၈-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်အဲင်ကျေးရွာ၊ ကျေးရွာခန်းမ၌ (၅-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေး စီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် (လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်မှု) နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ် ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ လူသုံး ကုန်ပစ္စည်းများခင်းကျင်းထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် လက်ဖက်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ်သို့ ကွင်းဆင်း စစ်ဆေး

၂-၈-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်နိုင်ငံ့ စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၂-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် လက်ဖက်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ်သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

၂-၈-၂၀၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမ (၁)၌ (၂-၈-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား (၁၅၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကုရ်အာန်အာဂုံဆောင်အစ္စလာမ်ဘာသာစာသင်ကျောင်း၌ စာပေသင်ကြားဖွင့်လှစ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၁-၈-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မွေတော်ကျောင်းလမ်း၊ စွန္နီဂျာမေ့ဗလီအတွင်းရှိ ကုရ်အာန်အာဂုံဆောင်အစ္စလာမ်ဘာသာ စာသင်ကျောင်း၌ (၁-၈-၂၀၂၄)ရက်၊ (၁၃၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် စာပေသင်ကြားဖွင့်လှစ်မှု ရှိ/ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆီထွက်သီးနှံ(တိုးချဲ့)စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုတ်မျိုးစေ့ပေးအပ်ပွဲကျင်းပ

၁-၈-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ (၁-၈-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ဆီထွက်သီးနှံ(တိုးချဲ့)စိုက်ပျိုးမည့် တောင်သူများ အား ဆီပဲပုတ်မျိုးစေ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ စုစုပေါင်းအင်အား(၃၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် တောင်သူများအား ဆီပဲပုတ်မျိုးစေ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၃၀-၇-၂၀၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ (၃၀-၇-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းသည် ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၉-၇-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ (၂၉-၇-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ကတ္တရာခင်းရန် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

၂၆-၇-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ် ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၂၆-၇-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ အမှတ် (၂)လမ်းဌာနခွဲ၊ Class(A) လမ်းကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လွိုင်လင်-တောင်ကြီး-ပြည်ထောင်စု-ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်းအား တာချဲ့၍ ကတ္တရာခင်းရန် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၅-၇-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၂၅-၇-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 52689

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR