အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

၄-၁၀-၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ (၄-၁၀-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အရန်မီးသတ် သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်အရန် မီးသတ်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ စုစုပေါင်းအင်အား (၇၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်း အနားတွင် မြို့နယ်အရန်မီးသတ်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း၌ စစ်ရေးပြထူးချွန်ဆုနှင့် မီးသတ်ပညာထူးချွန်ဆုရရှိသည့် သင်တန်းသား (၂)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၄-၁၀-၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်အတွင်း၌ (၄-၁၀-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ တစ်အိမ်တက်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လွိုင်လင်မြို့ တိုးဂိတ်အနီး မိုးရွာသွန်းမှုကြောင့် ကားလမ်းရေကျော်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၃-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၃-၁၀-၂၀၂၄)ရက်၊ (၁၂၀၀)အချိန်တွင် လွိုင်လင်မြို့ တိုးဂိတ်အနီး ကားလမ်းရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁-၁၀-၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ (၁-၁၀-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဈေးရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက်များ၌ (၂-၁၀-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ တစ်အိမ်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

၃၀-၉-၂၀၂၄

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ (၃၀-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေး စကားပြောကြားခဲ့ပြီး သေဆုံးသူ(၁)ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် သေဆုံးသူ(၂၆)ဦးအတွက် စုစုပေါင်းငွေကျပ်သိန်း(၂၆၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သန်းခေါင်စာရင်းကောက်ယူမှု လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်း စစ်ဆေး

၂၆-၉-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ (၂၆-၉-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းသား/ သင်တန်းသူများမှ သန်းခေါင် စာရင်းကောက်ယူမှု လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

နားတိုးဆည်တာဘောင်ဘေး ရေတိုက်စားမှုကြောင့် ပြန်လည်ပြုပြင်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၃-၉-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်းဟိန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာနေတောင်သူများ နှင့်အတူ (၂၃-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့မကျေးရွာအုပ်စုရှိ နားတိုးဆည်တာဘောင်ဘေး ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် တာဘောင်များမြေဖို့ခြင်း၊ သဲအိတ်များချထားခြင်း၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၃-၉-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၃-၉-၂၀၂၄)ရက်၊ (၁၁၃၀)အချိန်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်သင်ကြားပို့ချနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50546

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR