အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ၉၉၉ ပဲ့ချိတ် လှေဆိပ်တွင် လှေငယ်များ ဝင်/ ထွက်သွားလာနေမှုနှင့် ခရီးသည်များ Life Jacket ဝတ်ဆင်ထားမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး

၁၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ၉၉၉ ပဲ့ချိတ်လှေဆိပ်တွင် လှေငယ်များဝင်/ ထွက် သွားလာနေမှုနှင့် ခရီးသည်များ Life Jacket ဝတ်ဆင်ထားမှုရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် ဝန်ထမ်း အိမ်ရာရှိ အုတ်တံတိုင်းပြိုကျသည့်နေရာများအား ကွင်းဆင်းစစ်ဆေး

၁၇-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် ဝန်ထမ်းအိမ်ရာရှိ အုတ်တံတိုင်းများပြိုကျသည့် နေရာများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း ဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး၍ လက်ရှိရေတိုက်စားလျက်ရှိသော နမ့်စင်ချောင်းအား ရေစီးကြောင်းပြောင်းလဲစေရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးပြီး ရေလွှဲရေကာတန်း ဆောင်ရွက်နိုင်မည့် နေရာအားသတ်မှတ်၍ အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျိုင်းတုံ-တောင်ကြီးကားလမ်း ချောင်းရေတိုက်စားမှုအပေါ် ယာယီကမ်းထိန်းခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၁၇-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျိုင်းတုံ-တောင်ကြီး ကားလမ်းချောင်းရေတိုက်စားမှုအပေါ် နမ့်အော်ချောင်းအား ယာယီကမ်းထိန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် ဦးစားပေး ၁၊ ၂၊ ၃ ဖြင့် ချောင်းတူးခြင်းနှင့် သဲနုန်းတူးဖော်၍ ကမ်းထိန်းကဒစ်တန်း တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ညွှန်ကြား ရေးမှူး ဦးတင်လင်း ဦးဆောင်၍ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အထွက် နေမင်းရောင်တိုးဂိတ်တွင် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

၁၅-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အထွက် နေမင်းရောင်တိုးဂိတ်တွင် ယာဉ်/ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မော်တော်ယာဉ်များ တန်ပိုတင်ဆောင်မှုလျော့ကျစေရေး အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်

၁၅-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်အတွင်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဟမ်းပလို့ကျေးရွာရှိ “မေတ္တာစိမ့်စမ်း” မူလတန်း ကြိုကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်၊ ဟမ်းပလို့ကျေးရွာရှိ “မေတ္တာစိမ့်စမ်း” မူလတန်းကြိုကျောင်းအား DPEC(Development Professional Engineering Conservent)ကုမ္ပဏီမှ ဆောက်လုပ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မိုးစပါးစိုက်ခင်း ၃ ဧကတွင် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်နိုင်၏ မိုးစပါးစိုက်ခင်း ၃ ဧကတွင် မိုးစပါးမစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ လယ်ယာကန်သင်းနှင့် သီးနှံ မစိုက်ပျိုးနိုင်သောမြေများတွင် ပိုက်ဆံလျှော်သီးနှံစိုက်ပျိုးအသုံးချကြရန် လှုံ့ဆော်မှု ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၇၇၆၊ ဦးပိုင်အမှတ် (၁/၂)ရှိ တောင်သူ ဦးစိုးဝင်းမောင်၏ လယ်မြေ ၁၀ ဧကရှိ လယ်ယာကန်သင်းနှင့် သီးနှံမစိုက်ပျိုး နိုင်သောမြေများတွင် ပိုက်ဆံလျှော်သီးနှံစိုက်ပျိုးအသုံးချကြရန် လှုံ့ဆော်မှုကွင်းသရုပ်ပြပွဲသို့ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့် တောင်သူများ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR