
ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ
၄-၆-၂၀၂၅၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ၏ သား/ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်မိသားစုစည်းရုံးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။