အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၆)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ ကျင်းပြုလုပ်

၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၆)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ချောင်းဆုံခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံ ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ အဖွဲ့ဝင် ဗိုလ်မှူး ဝင်းကျော်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း ၇ ဦးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုနှင့် လုံခြုံရေးအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား ဗိုလ်တထောင်ခရိုင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ မြို့နယ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့်အဖွဲ့ဝင် ၇ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့မှ ရပ်ကွက်နေ ပြည်သူများမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းကြေညာထားရှိ မှုအား ကြည့်ရှုစစ်ဆေး

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသနွားများလွှဲပြောင်း ပေးအပ်ပွဲသို့ တက်ရောက်

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်ဒေသနွား (နွားပြာစိမ်းအမ) ၁၀ ကောင်အား ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဒေသနွားများလွှဲပြောင်းပေးအပ်မှုစာချုပ်စာတမ်း များနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့အတွင်းရှိ ရပ်ကွက်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာနိုင်ရေး မြေပြင် လုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းစစ်ဆေး

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့အတွင်းရှိ ရပ်ကွက်များ၌ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာနိုင်ရေးအတွက် မြေပြင်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်နေရာများတွင် မဲဆန္ဒရှင်စာရင်းကြေညာရန် ဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က (၁) ကျောင်း၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် ပညာ့အလင်းစာကြည့်တိုက်နှင့် သိပ္ပံခန်းတို့တွင် စာအုပ်၊ စာနယ်ဇင်းများ၊ သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ဖြည့်တင်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၁)ကျောင်း၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပညာ့အလင်း စာကြည့်တိုက်နှင့် သိပ္ပံခန်းတို့တွင် စာအုပ်၊ စာနယ်ဇင်းများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည် ဖြည့်တင်းထားရှိမှုအခြေအနေအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR