အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

မိုက်လိုင်ဆည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မိုက်လိုင်ဆည်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုက်လိုင်ဆည် (အလျား- ၁၀၀ ပေ၊ အမြင့်-၁၀ ပေ၊ အကျိုးပြုဧက- ၄၀ ဧက) ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား (၁၉-၁၂-၂၀၂၃)ရက်၊ (၁၄၀၀) အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စတီးလ်ကြိုးတံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆိုင်းလေကျေးရွာ၊ နမ့်လုံချောင်း၌ (၁၈၅'x၅'x၁၂') စတီးလ်ကြိုး တံတားတည်ဆောက်နေမှုအခြေအနေအား (၁၉-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ အ.မ.က (မူလွန်) ကျောင်း၌ (၁၉-၁၂-၂၀၂၃)ရက်၊ (၁၃၄၅)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆိုက်ခေါင် အ.မ.က (မူလွန်)မှ ဆရာ/ ဆရာမများ နှင့်အတူ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ကြီးမှူးကျင်းပ ပြုလုပ်မည့် မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၀-၁၂-၂၀၂၃)ရက် နေ့မှစ၍ (၂၉-၁-၂၀၂၄)ရက်နေ့အထိ (၁)ရက်လျှင် (၃)နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

၁၇-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လားရှိုး)ရုံး၊ အစည်းအဝေး ခန်းမ၌ (၁၇-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း အင်အား (၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ခရိုင်/ မြို့နယ်များမှ ယာယီနေရပ် စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်း (၁၁၇၂)ဦးကိုယ်စား သက်ဆိုင်ရာဌာနအကြီးအမှူးများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သော စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်ဥ၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာနှင့် မရွေးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်သုံးဆီဆိုင်များအား ရောင်းချဈေးနှုန်းများမှန်ကန်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

၁၆-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၆-၁၂-၂၀၂၃)ရက်၊ (၁၄၀၀)အချိန်တွင် လွိုင်လင် မြို့နယ်နှင့် ပင်လုံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား ရောင်းချဈေးနှုန်းများ မှန်ကန်မှုရှိ/ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာ၊ ကွင်းအမှတ် (၅)၊ မြို့မ အနောက်ကွင်း၊ ဦးပိုင်အမှတ်(၄)၌ စိုက်ပျိုးထားသော DU-12 မျိုးစပါးစိုက်ကွက်တွင် မိုးစပါး စံကွက်ရိတ်သိမ်းနေမှုအခြေအနေအား (၁-၁၂-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချု်ပရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး စံကွက်ရိတ်သိမ်းမှုအရ (၁)ဧကလျှင် စပါးအစို (၁၀၃.၀၀)တင်းနှုန်း ထွက်ရှိပါကြောင်း သတင်း ရရှိပါသည်။

ဒေသခံပြည်သူများအား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းအရ ရောဂါရှာဖွေကုသပေးနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၉-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၉-၁၁-၂၀၂၃) ရက်၊ (၀၉၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ ပေကုန်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ ကန်လယ်မင်းကျောင်းတိုက်ဓမ္မာရုံ၌ ဒေသခံပြည်သူများအား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းအရ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် အထွေထွေရောဂါလူနာများအား ရောဂါရှာဖွေကုသပေးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီးစည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆွေးနွေးပွဲကျင်းပ

၂၉-၁၁-၂၀၂၃

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၁၁-၂၀၂၃) ရက်၊ (၁၀၀၀)အချိန်တွင် တိုင်းဒေသကြီးစည်းရုံးရေးကော်မတီနှင့် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတေဇာအောင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှုထမ်း (၇)ဦးတို့မှ “ မိသားစုဝင်ငွေတိုးပွားရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များဖန်တီးပေး”၊ “ငြိမ်းချမ်းရေးပေါင်းကူး တံတားဆီမှ လက်ကမ်းကြိုဆိုနေမည့် NCA ပန်းတိုင်ဆီ”၊ “ကျူရှင်နှင့်သင့်ကလေး၏ ကိုယ်စွမ်းကိုယ်စ နိမ့်ကျမှုကင်းဝေးရလေအောင်”၊ “အဆုတ်ကျန်းမာစေမည့် အမူအကျင့်ကောင်းများ”၊ “ ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးသင့်သောအကြောင်းအရင်း”၊ “အမျိုးသမီးမှန်ရင် သိထားသင့်တဲ့ စိတ်ဖိစီးမှုလက္ခဏာများနဲ့ ထိန်းချုပ်နိုင်မည့်နည်းလမ်းများ”၊ “အဝလွန်ခြင်းနှင့် သွေးတိုးရောဂါအန္တရာယ်” စသည့်ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မဲရုံနေရာအရေအတွက်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၈-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၂၈-၁၁-၂၀၂၃) ရက်၊ (၁၃၀၀)အချိန်တွင် မဲရုံနေရာအရေအတွက် သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံနေရာအရေအတွက် သတ်မှတ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50908

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR