
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၊ မြို့နယ်ကမ္ဘောဇခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ထောက်ပံ့
၁၄-၁၀-၂၀၂၅၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၊ မြို့နယ်ကမ္ဘောဇခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ယာယီနေရပ် စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။