အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

၁၅-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများနှင့်အတူ (၁၅-၁၀-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် တောညုကျေးရွာအုပ်စု၊ တာလကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုအခြေအနေအား ကြည့်ရှု အားပေး

၁၁-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ (၁၁-၁၀-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခရိုင်ပညာရေးမှူးရုံးဆောက်လုပ်မည့်မြေနေရာအား ပန္နက်ရိုက်အခမ်းအနားကျင်းပ

၁၀-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ အ.ထ.က ကျောင်းဝန်းအတွင်း၌ (၁၀-၁၀-၂၀၂၄)ရက်၊ (၀၈၀၀) အချိန်တွင် ခရိုင်ပညာရေးမှူးရုံးဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၀-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်မိုင်ရပ်ကွက်၌(၁၀-၁၀-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ တစ်အိမ်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်းပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

၉-၁၀-၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၉-၁၀-၂၀၂၄)ရက်၊ (၀၉၀၀) အချိန်တွင် ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာ၊ နားလင်းကွင်း၌ ဆောင်းပဲပုပ်မျိုးစေ့ထုတ် (ထိုင်းဆီပဲပုပ်မျိုး)စိုက်ပျိုးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၈-၁၀-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ အုပ်စု(၁)မှ ရစ်ကြီးကျေးရွာ၊ ကုလားဘီ ကျေးရွာ၊ ဝယ်လမ်းကျေးရွာအုပ်စုနှင့် အုပ်စု(၂)မှ ကလွီကျေးရွာ၊ ဒရယ်ကျေးရွာအုပ်စုတို့၌ (၈-၁၀-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ တစ်အိမ်တက်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

၇-၁၀-၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇-၁၀-၂၀၂၄)ရက်၊ (၁၃၀၀)အချိန်တွင် အမှတ်(၄)ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက မြို့နယ် အတွင်း မိုးသည်းစွာရွာသွန်းပြီးနောက် ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် စာသင်ကျောင်းများတွင် တင်ကျန်ခဲ့သောရွှံ့နွံများအား ဖယ်ရှားရှင်းလင်းခြင်းတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး သင်တန်း ကျောင်းသို့ ပြန်လည်ထွက်ခွာမည့် အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင် (၁၂၁)ဦးတို့အား ထောက်ပံ့ငွေ (၉၀၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၇-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်း၌ (၇-၁၀-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက်တစ်အိမ်တက်/ တစ်အိမ်တက်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

၄-၁၀-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၄-၁၀-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့၊ အနောက်ကျောင်းတိုက် ရေဘေးရှောင်စခန်း၌ ရောက်ရှိနေသည့် ရေဘေးရှောင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50546

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR