အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

အရေးပေါ်မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုပြုလုပ်

၁၀-၁၁-၂၀၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ အရှေ့ရပ်ကွက်၊ အမှတ် (၂)မြို့မဈေး၌ (၁၀-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် အရေးပေါ်မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုပြုလုပ်ခဲ့ရာ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်

၉-၁၁-၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ရေဆင်း - ၁ စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်(ခရိုင်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူ များအား ရေဆင်း - ၁ စပ်မျိုးနေကြာ (၁)ဧကလျှင် (၃)ကီလိုနှုန်းဖြင့် ဧက (၃၀၀)အတွက်လည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ကြက်ဖ/ ကြက်မ (၁)ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)စုအတွက် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

၈-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ (၈-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇-၁၁-၂၀၂၃

မွန်ပြည်နယ်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇-၁၁-၂၀၂၃)ရက်၊ (၁၁၀၀)အချိန်တွင် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုး(ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းအား Projector ဖြင့်ပြသခြင်း၊ ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများအဖြစ် Track Suit များနှင့် မှတ်စုစာအုပ်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းမဝေးခန်းမ၌ (၇-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းများအား ဆန် (၆)ပြည်၊ ဆီ (၁)ပိဿာ၊ ငါးပိနှင့် ဆား စသည့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ခြင်း၊ မြသလွန်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား (၁)ရက်စာ အာဟာရ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၌ ဝန်ထမ်းများ စုပေါင်းသွေးလှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇-၁၁-၂၀၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ KMA Hotel ၌ (၇-၁၁-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင် ချက်များ Video ပြသခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်မှုပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း တို့တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ဆုများရရှိခဲ့သည့် သင်တန်းသား/ သူများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော် များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်အမှူးပြုသော အရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၆-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တောင်သူများ စုစုပေါင်းအင်အား (၄၀)ဦးတို့နှင့်အတူ (၆-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် နောင်မွန်ကျေးရွာအုပ်စု၌ စိုက်ပျိုးထားသော ရွှေရင်အေးမျိုး စံကွက်ရိတ်သိမ်းပွဲပြုလုပ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

၇-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၇-၁၁-၂၀၂၃)ရက်၊ (၁၁၀၀)အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အရှေ့ရပ်ကွက်၊ နမ့်ဟူးပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ တရားတော်များနာယူခြင်းနှင့် နဝကမ္မအလှူငွေများလှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းနေမှုအခြေအနေအား ကြည့်ရှုအားပေး

၂-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ (၂-၁၁-၂၀၂၃)ရက်၊ (၀၉၀၀) အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ဒုတိယ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်း နေမှုအခြေအနေအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသူ ဝန်ထမ်းစုစုပေါင်း (၁၆)ဦးအား အာဟာရဓာတ်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 52972

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR