အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေး နှီးနှောဖလှယ်ပွဲ ကျင်းပ

၂၁-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲ ခန်းမ၌ (၂၁-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေး နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ ကျောင်းသား/ သူ များ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းသား/ သူလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သော လူငယ်များဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲ တတ်သူများဖြစ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝပိုမိုမြင့်မားလာရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြောင့် သတင်းရရှိပါသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး

၁၈-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်၊ အခြေခံပညာမူလတန်း ကျောင်း၌ (၁၈-၁၁-၂၀၂၃)ရက်၊ (၀၇၃၀)အချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အခြေခံပညာ မူလတန်းကျောင်းအတွင်း/အပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်သရိုက်များဆယ်ယူခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း နှင့် အဆောက်အဦနှင့်ထိစပ်နေသည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း

၁၈-၁၁-၂၀၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၁၈-၁၁-၂၀၂၃)ရက်၊ (၁၃၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်မှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ယာယီတိုက်ပွဲရှောင် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ယာယီတိုက်ပွဲရှောင်ဝန်ထမ်း(၅၁)ဦးတို့အား ခေါက်ဆွဲခြောက်၊ ကြက်ဥများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ

၁၇-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ (၁၇-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ လူငယ်စကားဝိုင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး၊ အ.ထ.က (ကွန်ဟိန်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၁၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၅-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အားကစားကွင်း၌ (၁၅-၁၁-၂၀၂၃)ရက်၊ (၀၈၀၀)အချိန်တွင် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

၁၄-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ မင်းလွင်ကျေးရွာ အ.လ.က(မင်းလွင်)စာသင်ကျောင်း၌ (၁၄-၁၁-၂၀၂၃)ရက်၊ (၁၃၃၀)အချိန်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများ အား မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

၁၄-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ မင်းလွင်ကျေးရွာ အ.လ.က(မင်းလွင်)စာသင်ကျောင်း၌ (၁၄-၁၁-၂၀၂၃)ရက်၊ (၁၃၃၀)အချိန်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများ အား မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး

၁၁-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ပြည်သူ့ဆေးရုံ၌ (၁၁-၁၁-၂၀၂၃)ရက်၊ (၀၇၀၀)အချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ပြည်သူ့ဆေးရုံအတွင်း/ အပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းနှင့် အဆောက်အဦနှင့်ထိစပ်နေသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကြောင်းကြီး (၅)ကြောင်းဖြင့်ကွင်းဆင်း၍ ပြည်သူ့ဝန်ဆောင်မှုများပေးခြင်း

၁၃-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ လေးရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၁၃-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50910

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR