
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်
၂၇-၃-၂၀၂၄ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့်အတူ (၂၇-၃-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေကျေးရွာ၌ ဖယောင်းတိုင်းမီးထွန်းရာမှ လဲကျ၍ မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ဆန်ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်း၊ တကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။