အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ အထက(၈)စာသင်ကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်မှုအခမ်းအနား ကျင်းပပြုလုပ်

၁၅-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ အနော်ရထာလမ်းရှိ အထက(၈) စာသင်ကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ- ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှ တရားမဝင် နိုင်ငံခြားသားများ လွှဲပြောင်းဆောင်ရွက်နေမှုအခြေအနေအား ကြီးကြပ်ဆောင်ရွက်

၁၅-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ- ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှ တရားမဝင်နိုင်ငံခြားသားများ လွှဲပြောင်းဆောင်ရွက် နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နေရာများပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နေ့လည် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် သလဲဦးကျေးရွာအုပ်စု၊ သလဲဦးအင်းကျေးရွာရှိ ဘုရားကျိမ်းကျောင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိုင်းသောက်ကျေးရွာရှိ မိုင်းသောက် တံတားသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နမ်းပန်မြို့၊ တောင်ပို့နီကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပြုလုပ်

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နမ်းပန်မြို့၊ တောင်ပို့နီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(တောင်ကြီးမြို့)မှ ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သူများ စုစုပေါင်းအင်အား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ပုသိမ်ကြီး (အထက)ကျောင်းတွင် ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆာင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ပုသိမ်ကြီး (အ.ထ.က)ကျောင်းတွင် ပန်းခင်း(၃)စီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ- တာဆန်းလမ်းမကြီး၏ မြို့အထွက်လမ်းဘေး ဝဲ/ ယာတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိန်ပန်းပင်များစိုက်ပျိုးခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်နေမှု

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ- တာဆန်းလမ်းမကြီး၏ မြို့အထွက်လမ်းဘေးဝဲ/ ယာတွင် အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိမ်းလန်းစိုပြေရေးအတွက် စိန်ပန်းပင်များစိုက်ပျိုးခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ အ.ထ.က(၂)ခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ အ.ထ.က(၂)ခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ မဲပေးစက်ကိုင်တွယ်မည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် Volunteer များ စုစုပေါင်းအင်အား(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၊ စံကားဖြူခန်းမ၌ မြို့နယ်အဆင့်မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကျင်းပ

၁၄-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ စံကားဖြူခန်းမ၌ မြို့နယ်အဆင့်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား(၁၆၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ ဘုရားလေးဆူဘုန်းတော်ကြီး ကျောင်း၌ သံဖြူဇရပ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ကွင်းဆင်း စစ်ဆေး

၁၃-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လည် ၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ ဘုရားလေးဆူဘုန်းတော်ကြီးကျောင်း၌ သံဖြူဇရပ်မြို့နယ် အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ် မြေစာရင်းလက်ထောက်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 76575

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR