
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျောင်းတွင်း / ပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း
၁၆-၅-၂၀၂၅၂၀၂၅ ခုနှစ် မေလ ၁၆ ရက် နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း/ အပြင် ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။