အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း ချောင်းရေ တိုက်စား၍ လမ်းတာဘောင်နိမ့်ကျသွားသည့်နေရာအား တာဘောင်ချဲ့ခြင်းဆောင်ရွက်နေမှုအခြေအနေ များကို ကွင်းဆင်းစစ်ဆေး

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း(36.3Km- 37Km)ကြား ချောင်းရေ တိုက်စား၍ လမ်းတာဘောင် နိမ့်ကျသွားသည့်နေရာအား လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဝင်များနှင့်အတူ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာ

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော မြို့နယ်ပညာရေးမှူးရုံး (၉၀x၃၀)ပေ RCC တစ်ထပ် အသစ်ဆောက်လုပ်နေမှုနှင့် မြို့နယ် ပြည်သူ့ဆေးရုံ ၄ ခန်းတွဲ ၃ ထပ် အမှုထမ်းအိမ်ရာ ၁ လုံး RCC ဆောက်လုပ်နေမှုတို့အား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသား/သူများနှင့် အတူတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြို့တော်ခန်းမအနီးတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအသိပညာပေးမြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြို့တော်ခန်းမအနီးတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အသိပညာပေး မြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ်ထပ်မံကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ် အထက် အတည်ပြုလူဦးရေစာရင်း ပူးပေါင်းစစ်ဆေးနေမှုအခြေအနေအား သွားရောက်စစ်ဆေး

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်ထပ်မံ ကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်အထက် အတည်ပြုလူဦးရေ စာရင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းစစ်ဆေးနေမှုအခြေအနေအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ဦးဆောင် ၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိ ပါသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး အတွက် ၎င်းတို့၏ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ လားရှိုးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

၂၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုး မြို့နယ်ရှိ လားရှိုးတက္ကသိုလ်အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့်အတူ အစည်းအဝေးတွင် လိုအပ်သည့်အစီအမံများ၊ လုပ်ငန်းစဉ်များအလိုက် Estimate များ အမြန်တွက်ချက်တင်ပြသွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အခမ်းအနားသို့ တက်ရောက်

၂၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာခန်းမ တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းမကျန်ရှိစေရေး အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် အသက်(၁၈)နှစ် အထက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းမကျန်ရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 76731

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR