အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ဟောပြော

၅-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်၊ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁၆)သို့ တက်ရောက်မည့်သင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များမှ အသိပေးချပြရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပြုပြင်နေမှု အား ကွင်းဆင်းစစ်ဆေး

၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ နားမခေါ်ကားကြီးကွင်းရှေ့ရှိ မန္တလေး - လားရှိုးပြည်ထောင်စုလမ်းမကြီး ပြုပြင်နေမှုတို့အား ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အင်းကျေးရွာရေတက်မှုအခြေအနေနှင့် ရေလယ်ဧည့်ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်အင်းကျေးရွာရှိ အမက-မိုင်းသောက်အင်းကျောင်းနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်နေမှုအခြေအနေနှင့် ရေလယ်ဧည့်ရိပ်သာ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တိုက်နယ်ဆေးရုံဝင်းအတွင်း တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း

၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တိုက်နယ်ဆေးရုံဝင်းအတွင်း တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့် နေရာနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လိုက်ပါ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ (၁/၂၀၂၅) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌(၁/၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ သရဝဏ်စာကြည့်တိုက်နှင့်လင်းရောင်ခြည် စာကြည့်တိုက်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး

၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ သရဝဏ်စာကြည့်တိုက်နှင့်လင်းရောင်ခြည်စာကြည့်တိုက်များသို့ သွားရောက်၍ စာအုပ်စာပေများအား Control Book များတွင် ထည့်သွင်းထားမှုနှင့် ကိုက်ညီမှုရှိ/မရှိ၊ စာအုပ်/ စာစောင်များတိုးတက်မှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ကော်မတီအဖွဲ့များအနေဖြင့် စာကြည့်တိုက်များရေရှည်တိုးတက်ရေး ဝိုင်းဝန်းအလေးထားဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စုတွင် တိုက်ရိုက်မျိုးစေ့ ချစက်(Drum Seeder)ဖြင့် စိုက်ပျိုးထားသောစပါးခင်းဖြစ်ထွန်းနေမှုအား ကွင်းဆင်းစစ်ဆေး

၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၃၇၊ ဦးပိုင်- ၁၊ တောင်သူ ဦးစိုင်းလုံး၏ လယ် ၂.၅ ဧကပေါ်တွင် တိုက်ရိုက်မျိုးစေ့ချစက်(Drum Seeder)ဖြင့် DU-12 (ခေါက်ပါကင်)မျိုးအား တိုက်ရိုက်အစေ့ချ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်း လမ်းတစ်လျှောက် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်

၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်း နိုင်သောနေရာများအား သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးဖျန်းပေးခြင်း၊ အမှိုက်များကိုအမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ရေဆိုးရေညစ် အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များဖြင့်တွေ့ဆုံဆွေးနွေး

၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် အိမ်ခြံမြေနှင့် ရွှေဆိုင်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် အဖွဲ့ဝင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR