အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၁၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အထက်တန်း၊ အလယ်တန်းအဆင့်နှင့် အသက် (၁၂)နှစ်အောက် မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတွင် "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး" ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး" ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် သင်တန်းသား/သူ စုစုပေါင်းအင်အား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ထောင်တလုပ်ရပ်ကွက်၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကျင်းပ

၁၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ထောင်တလုပ်ရပ်ကွက်၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ငါးလုပ်ငန်းဦးစီး ဌာနမှ ငါးသယံဇာတများရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ငါးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ၂ လက်မအရွယ် ငါးသားပေါက် ကောင်ရေနှစ်သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးကျော်‌ဆွေ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးအတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင် လုပ်ငန်းရှင်များအား လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုစေရေး အသိပညာပေးဆွေးနွေး

၁၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ် ပြည်သူ့ဈေးအတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင်လုပ်ငန်းရှင်များအား လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုစေရေး အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဂနိုင်ကန်သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်ရှိ ဂနိုင်ကန်ကြံ့ခိုင်မှုအတွက် ကန်ဘောင်နှင့်လျှောက်လမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူလိုက်ပါ၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၀မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

၁၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၃)ရှိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၁၀မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့နှင့်အတူ လိုက်ပါ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာရှိ အတုလမဟာမြကျောက်စေတီတော်အဝင်လမ်းတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

၁၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ အတုလမဟာ မြကျောက်စေတီတော်အဝင်လမ်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အထက- ၁ ကျောင်းတွင် သောက်သုံးရေ လှူဒါန်းခြင်းအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

၁၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အထက- ၁ ကျောင်းတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော သောက်သုံးရေကို လှူဒါန်းရန်ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်မီးသတ် ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့ဝင်များမှ လိုက်ပါ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဆင်ခြေဖုံးမြောက်ကျေးရွာအုပ်စု၊ ဟွေမုန်ကျေးရွာတွင် DU-8 မျိုးသန့်လယ်စိုက်ကွက်များ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

၁၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဆင်ခြေဖုံးမြောက်ကျေးရွာအုပ်စု၊ ဟွေမုန်ကျေးရွာ၊ ကွင်းအမှတ်- ၁၊ ဦးပိုင်- ၂၄၊ တောင်သူ ဦးလှမောင်၏ DU-8 မျိုးသန့်လယ်စိုက်ကွက်များ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR