အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၁၃-၁၁-၂၀၂၃

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ အ.ထ.က(အလှပ်)ကျောင်းခန်းမ၌ (၁၃-၁၁-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်းကျေးရွာအုပ်စုရှိ အမှတ် (၉၂) စက်မှုလယ်ယာစခန်း၌ (၁၃-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ ဦးရဲနိုင်(ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ခွဲ ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား (၃၀)ဦးဖြင့် (၁-၁၁-၂၀၂၃)ရက်နေ့မှ (၂၄-၁၁-၂၀၂၃)ရက် နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း များအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

၁၁-၁၁-၂၀၂၃

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ခန်းမ၌ (၁၁-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အသင်းများအားလုံးကိုယ်စား အားကစားသမား (၁)ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့

၉-၁၁-၂၀၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၉-၁၁-၂၀၂၃)ရက်၊ (၁၇၂၀)အချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာရှေ့၌ တိုက်ပွဲရှောင်ပြည်သူများအား ရေသန့်ဘူးနှင့် ပေါင်မုန့်များ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

အရေးပေါ်မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုပြုလုပ်

၁၀-၁၁-၂၀၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ အရှေ့ရပ်ကွက်၊ အမှတ် (၂)မြို့မဈေး၌ (၁၀-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် အရေးပေါ်မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုပြုလုပ်ခဲ့ရာ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်

၉-၁၁-၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ရေဆင်း - ၁ စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်(ခရိုင်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူ များအား ရေဆင်း - ၁ စပ်မျိုးနေကြာ (၁)ဧကလျှင် (၃)ကီလိုနှုန်းဖြင့် ဧက (၃၀၀)အတွက်လည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ကြက်ဖ/ ကြက်မ (၁)ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)စုအတွက် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

၈-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ (၈-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇-၁၁-၂၀၂၃

မွန်ပြည်နယ်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇-၁၁-၂၀၂၃)ရက်၊ (၁၁၀၀)အချိန်တွင် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုး(ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းအား Projector ဖြင့်ပြသခြင်း၊ ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများအဖြစ် Track Suit များနှင့် မှတ်စုစာအုပ်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇-၁၁-၂၀၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းမဝေးခန်းမ၌ (၇-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းများအား ဆန် (၆)ပြည်၊ ဆီ (၁)ပိဿာ၊ ငါးပိနှင့် ဆား စသည့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ခြင်း၊ မြသလွန်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား (၁)ရက်စာ အာဟာရ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၌ ဝန်ထမ်းများ စုပေါင်းသွေးလှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50919

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR