အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားစာရင်းစစ်၊ စာရင်းကောက်ယူရေး သင်တန်းပို့ချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀-၉-၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အ.ထ.က (၄) ကျောင်းရှိ မြပန်းသဇင်ခန်းမ၌ (၂၀-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ် သန်းခေါင်စာရင်းကော်မတီမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားစာရင်းစစ်၊ စာရင်းကောက်ယူရေး သင်တန်းပို့ချနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်သုံးဆီဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

၁၈-၉-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၉-၂၀၂၄)ရက်၊ (၁၄၀၀)အချိန်တွင် မြို့အတွင်းရှိ စက်သုံးဆီဆိုင် များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်

၁၈-၉-၂၀၂၄

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမ၌ (၁၈-၉-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အရှေ့ ရပ်ကွက်၊ အနောက်ရပ်ကွက်၊ တောင်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ တုံခမ်း ရပ်ကွက်နှင့် လွယ်အွန့်အုပ်စု၊ စငေါအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရေဘေးသင့်ပြည်သူ (၁၉၇၇)ဦးတို့ အတွက် ဆန်(၉)ပြည်ပါ ဆန်အိတ်(၈၂)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၁၆-၉-၂၀၂၄

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းဘုန်းတော်ကြီးကျောင်း၌ (၁၆-၉-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ကျောင်းထိုင်ဆရာတော်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဖက်ရမ်းကျေးရွာအုပ်စု၊ နောင်လိုင်ကျေးရွာအုပ်စုနှင့် မူဖိတ်ကျေးရွာအုပ်စုတို့တွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လမ်း/ တံတားများ အမြန်ပြန်လည်ပြုပြင်ရေးနှင့် မြေပြို၍ ပိတ်ဆို့နေသောရွာများရှိ ဒေသခံပြည်သူများ စားရေရိက္ခာပြတ်တောက်မှုမရှိစေရေးအတွက် ပိတ်ဆို့နေသောလမ်းများကို ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် အမြန်ဖယ်ရှား ဆောင်ရွက်ပေးရေး စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Biometric Data ရေးသွင်းခြင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၁၆-၉-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာ၌ (၁၆-၉-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric Data ရေးသွင်းခြင်းဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၃-၉-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ (၁၃-၉-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ကတုံးပေါ်ကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၁၂-၉-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၁၂-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

၁၁-၉-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ (၁၁-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နွားမေထုန်မဲ့သားစပ်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပ

၁၁-၉-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ (၁၁-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် နွားမေထုန်မဲ့သားစပ်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်း သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50545

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR