အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၌ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ တင်ပြ တောင်းခံထားသည့် စာသင်ကျောင်းများတွင် လုပ်ငန်းလိုအပ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေး

၁၇-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ နေ့လည် ၂ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်ရှိ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ တင်ပြတောင်းခံထားသည့် အမက(ကောင်းမှု)၊ အထကခွဲ(မန့်ဝိန်း)၊ မူလွန်(စွမ်စော်)ကျောင်းများသို့ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ လုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းတာဝန် ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာကြိုးပြင် သစ်တောအတွင်း ထင်းရှူးပင်များစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

၁၇-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကလောမြို့နယ်၊ ဘော်နင်း ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီး ၅ ဧကရှိ ထင်းရှူးပင်များစိုက်ပျိုးထားရှိမှုအခြေအနေ၊ မြေပြုပြင်ထားရှိမှု အခြေအနေများနှင့် သီခေါင်ကျေးရွာအုပ်စု၊ သီခေါင်ကြိုးပြင်သစ်တော၊ သီခေါင်တောင် ဗျူးပွိုင့်အနီးရှိ ထင်းရှူးစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများအား ပြည်နယ်သယံဇာတ ဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ အခမ်း အနားကျင်းပပြုလုပ်

၁၇-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဆုရရှိ သည့် ကျောင်းသား/ သူများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်းအင်အား(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ သန်လျင်-ခရမ်း-ပဲခူးကားလမ်းမဘေးရှိ၊ လမ်းဘေးဝဲ/ယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၇-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ သန်လျင်-ခရမ်း-ပဲခူးကားလမ်းမဘေးရှိ၊ လမ်းဘေးဝဲ/ယာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားကျေးရွာရှိ ပတ္တမြားလူငယ်လူမှု ကူညီကယ်ဆယ်ရေးအသင်း၏ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

၁၇-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ၊ သန္တာလမ်းရှိ ပတ္တမြားလူငယ်လူမှု ကူညီကယ်ဆယ်ရေးအသင်း၏ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်ရှိ အထကမိုင်းတုံနှင့် မြို့မဈေးတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်

၁၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်ရှိ အထကမိုင်းတုံနှင့် မြို့မရပ်ကွက်ရှိ မြို့မဈေးတို့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအေးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ကျောင်းသား/ သူများနှင့် ပြည်သူများအား အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ဝင်းရပ်ကွက်၌ ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

၁၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်၌ ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိခင်နှင့် ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံစာပေယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ စုစုပေါင်း အင်အား(၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မိုင်းဆတ်- တာချီလိတ်ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပြတ်တောက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေး

၁၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ် မြို့နယ်ရှိ မိုင်းဆတ်-တာချီလိတ်ကားလမ်း နမ့်ကျန့်တံတားချဉ်းကပ်ခုံအနီး ၁၅ပေခန့် ကားလမ်း ပြတ်တောက်မှုနှင့် ကားလမ်းပေါ်ရေကျော်မှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အဆိုပါပြတ်တောက်မှုဖြစ်သည့် နေရာအားမြေသားများဖို့ခြင်းနှင့် ရေလမ်းလွှဲ လုပ်ခြင်းများ ဆောင်ရွက်မှုအခြေအနေနှင့် မြို့သစ်ရပ်ကွက်ရှိ နမ့်ခုတ်ချောင်းတံတားကြံ့ခိုင်မှုနှင့် တံတားအောက်ခြေ ခိုင်ခံ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်း ခန်းမ၌ ပြစ်မှုကျူးလွန်မှုမရှိဘဲ လက်နက်/ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် PDF သင်တန်းဆင်းပြီးသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲကျင်းပပြုလုပ်

၁၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ပြစ်မှုကျူးလွန်မှုမရှိဘဲ လက်နက်/ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် PDF သင်တန်းဆင်းပြီးသူများအား မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလင်းဝင်ရောက်သူ ၅ ဦးနှင့်မိဘများ တက်ရောက်ခဲ့ကြပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR