အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်း

၁၁-၂-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစော(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၁-၂-၂၀၂၅ ရက်၊ ၁၀၀၀ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိပြည်သူများအား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပေးချပြရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်း

၁၁-၂-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၁-၂-၂၀၂၅ ရက်၊ ၁၀၀၀ နာရီအချိန်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ စက်မှုဇုန်ဧရိယာအတွင်း Yum Yum ခေါက်ဆွဲခြောက်စက်ရုံရှိ စက်ရုံလုပ်သားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပေးချပြရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း

၁၁-၂-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၁-၂-၂၀၂၅ ရက်၊ ၁၃၀၀ နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဝါးတရာ စက်မှုဇုန်ရှိ ALPHA BEST ဖိနပ်စက်ရုံ၌ စက်ရုံလုပ်သားအင်အား ၁၀၀ ဦးတို့အား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် အသိပေးချပြရှင်းလင်းကာ စက်ရုံလုပ်သားများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင် ၁၀၀ အား ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားကျင်းပ

၁၀-၂-၂၀၂၅

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃) ထပ်ဆောင် အစည်းအဝေး ခန်းမ၌ ၁၀-၂-၂၀၂၅ ရက်၊ ၁၃၀၀ နာရီအချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း အင်အား ၁၈၈ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အဖွင့်အမှာ စကားပြောကြားခြင်း၊ ဝန်ထမ်းများမှ ဆွေးနွေးတင်ပြလာသည့် ခေါင်းစဉ်များအား ရှင်းလင်းခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းချစ်မှ "စည်းကမ်း သည် လူ၏တန်ဖိုး"ခေါင်းစဉ်ဖြင့် ဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ

၇-၂-၂၀၂၅

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)ခန်းမ၌ (၇-၂-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း (ခရိုင် အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအက အဖွဲ့များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် သဘာဝဘေးဖြစ်ပွားမှုများတွင် လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာနများနှင့် လူမှုကူညီရေးအသင်းများအား ပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ

၇-၂-၂၀၂၅

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၇-၂-၂၀၂၅)ရက်၊ (၀၈၀၀)အချိန်တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၂၁၀)ဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ

၆-၂-၂၀၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မြို့တော်ဦးစာသင်တိုက်၌ (၆-၂-၂၀၂၅) ရက်၊ (၀၈၀၀)အချိန်တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/ အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ရွေးချယ် ကြီးကြပ်ရေးဆရာတော် (၃)ပါး၊ ဦးဆောင်ကွပ်ကဲရေးဆရာတော် (၁)ပါး၊ မြို့နယ်သံဃာ့ ဝန်ဆောင်ဆရာတော် (၂၅)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ ပြည်နယ်သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ပြိုင်ပွဲဖွင့်ပွဲကျင်းပ

၅-၂-၂၀၂၅

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားကွင်းအတွင်း၌ (၅-၂-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အားကစားသမားများနှင့် ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘင်ခရာ အဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

၅-၂-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းရှိ HERMITE Co.ltd ၌ (၅-၂-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် စက်ရုံလုပ်သားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် ချပြရှင်းလင်းခြင်းများ ပြုလုပ် ခဲ့ပြီး စက်ရုံလုပ်သားများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50546

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR